Events
အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ အကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
Updated At: 2023-10-13 09:59:38

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ အကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ချုပ်နှင့်တာဝန်ရှိသူများ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍပို့ ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးငြိမ်းအေး၊ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါကအဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်သီတာဝင်းဌေးက ကဏ္ဍကော်မတီကို Update ပြုလုပ်ခြင်း၊ လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက်တက်ရောက်လာကြသူများက ထောက်ပံ့ပို့ ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များကို ပြင်ဆင်/ ဖြည့်စွက်ရန်၊ လုပ်ငန်းစဉ်တစ်ခုချင်းအလိုက် ဆောင်ရွက်မည့်ကာလကို ပြင်ဆင်သတ်မှတ်ရန်၊ သက်ဆိုင်ရာ ဌာန/အသင်းအဖွဲ့များအလိုက် လုပ်ငန်းစီမံချက် (Plan of Actions – PoAs) ပါ လုပ်ငန်းစဉ်များ အပေါ်တွင် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ပဲခူးမြို့ ရေကြီးနစ်မြုပ်မှုကြောင့် ကုန်တင်ကားများ သွားလာမှုခက်ခဲနေသဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအား အဝေးပြေးကုန်တင်ကားများ အသုံးပြုခွင့်ကို အကန့်အသတ် ဖြင့် ခွင့်ပြုပေးရန်၊ ရေကြောင်းဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (Cabotage Law) အတည်ပြု ပြဌာန်းနိုင်ရေးဆက်လက်ဆောင်ရွက်ရန်၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှု လွယ်ကူစေရန်အတွက် House Bill of Lading (HBL) အသုံးပြုမှုစနစ် အဆင်ပြေစေရေး ညှိနှိုင်းဆောင်ရွက်ကြရန်၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၏ လူ့စွမ်းအားအရင်းမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဘွဲ့လွန်ဒီပလိုမာသင်တန်းများ၊ မဟာဘွဲ့သင်တန်းများကို အစိုးရ-ပုဂ္ဂလိက အဖွဲ့အစည်းများက ညှိနှိုင်းပူးပေါင်းဖွင့်လှစ်ရန်၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များမှ ဆောင်ရွက်ပြီးစီးသော လုပ်ငန်းစဉ်များရှိပါက သက်ဆိုင်ရာဌာနမှ ဆောင်ရွက်ပြီးစီးကြောင်းကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သို့ တရားဝင်စာဖြင့် အကြောင်းကြားပေးရန်၊ ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကော်မတီကဥက္ကဌ ဦးဆောင်သော အစည်းအဝေးခေါ်ယူကျင်းပပြီး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ကြရန်နှင့် အစိုးရ-ပုဂ္ဂလိက အဖွဲ့အစည်းများအနေဖြင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားကြရန်စသည်တို့ကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည် (၁၂:၄၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
More Events
MyanTrade eyes coffee export to Russia
Date: 28.7.2025
Myantrade discusses mango pulp exports to Russia
Date: 28-7-2025